ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ အဖွဲ့ချုပ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို နိုဝင်ဘာလ(၃) ရက်နေ့၊ နံနက်(၈း၀၀)နာရီတွင် မိုင်းဆတ်မြို့နယ်၊ ကျဒယ်ရပ်ကွက်ရှိ ဦးထွန်းလှိုင် နေအိမ်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားအား ရှမ်းပြည်နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးဘခင်(တာချီလိတ်)
နှင့် မိုင်းဆတ်မြို့နယ်၊ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ဦးထွန်းလှိုင် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။ အခမ်းအနားသို့ ပါတီဝင်နှင့် မိတ်ဆွေပါတီများ၊ ရပ်မိရပ်ဖများ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြသည်။


